သတိပေးချက်
March 2, 2026

ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး ဘတ်ခြောက်သန်း ကံထူး

March 2, 2026

March 2, 2026

ထိုင်းနိုင်ငံ၊ စူဖန်ဘူရီခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားတစ်ဦးသည် မတ်လ ၁ ရက်က ဖွင့်လှစ်သော ထိုင်းထီအမြင့်ဆုံးဆု ဘတ် ခြောက်သန်း ထီပေါက်ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

မြန်မာအလုပ်သမားသည် ထိုင်းထီ ပထမဆု ၈၂၀၈၆၆ တွင် ခြောက်လုံးတိုက် ပထမဆုကို ကံထူးခဲ့ခြင်းဖြစ်သည်။

ထီပေါက်သော မြန်မာအလုပ်သမားက ဆုငွေထုတ်ယူပေးရန် အကူအညီတောင်းခံခဲ့သဖြင့် မတ်လ ၂ ရက်တွင် ဆုငွေထုတ်ယူပြီး ထီပေါက်သူလက်ဝယ် ပေးအပ်ပြီးဖြစ်ကြောင်း MHAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်။

“နေ့ချင်းပြီး ထုတ်ပေးခဲ့တာဖြစ်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ထီပေါက်သော မြန်မာအလုပ်သမားသည် နေပြည်တော်ဇာတိဖြစ်ပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည်မှာ ၆ လခန့်သာ ရှိသေးကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် ကိုရဲမင်းဦးဆောင်သော MHAC မဟာမိတ်အဖွဲ့ ကတစ်ဆင့် ထိုင်းထီပထမဆုကို ကူညီထုတ်ယူပေးနေသည်မှာ ၆၃ ဦးအထိ ရှိနေပြီဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

မြန်မာနိုင်ငံသားများသည် ထိုင်းထီကံထူးခဲ့ပါက လိမ်လည်သူများကို သတိထားကြရန်နှင့် ဆုငွေထုတ်ယူနိုင်ရေး မြန်မာအလုပ်သမားအဖွဲ့အစည်းများထံ အကူအညီတောင်းကြရန် ကိုရဲမင်းက ပြောဆိုသည်။