သတိပေးချက်
October 7, 2025

ထိုင်းတွင် မြစ်ထဲ လေးနာရီကြာ မျောပါနေသော ထိုင်းအမျိုးသမီးကို မြန်မာနိုင်ငံသား ကယ်တင်

October 2, 2025

October 2, 2025

ထိုင်းနိုင်ငံ စမွတ်စွန်ခရမ်ခရိုင်ရှိ မဲကလောင်မြစ်ထဲတွင် လေးနာရီခန့်အကြာ မျောပါနေသော ထိုင်းအမျိုးသမီးတစ်ဦးကို မြန်မာအမျိုးသားတစ်ဦးက ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

အောက်တိုဘာလ ၁ ရက်နေ့ ည ၁၀ နာရီခန့်က အသက် ၅၂ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးသည် မဲကလောင်မြစ်ထဲတွင် လေးနာရီခန့်ကြာအောင် ပေါလောပေါ၍ မျောပါနေခဲ့ကြောင်း ဖော်ပြသည်။

သူမပြုတ်ကျခဲ့သောနေရာနှင့် သုံးကီလိုမီတာခန့်အကွာအထိ မျောပါလာခဲ့ပြီးနောက် မြစ်ကမ်းဘေးတွင် အလုပ်လုပ်နေသော အသက် ၃၄ နှစ်အရွယ် မြန်မာအမျိုးသားက အော်သံကြားသဖြင့် သွားရောက်ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ညဘက်အချိန် မြစ်ထဲမှ ကယ်တင်ပေးရန်အတွက် အမျိုးသမီးတစ်ဦး၏ ငိုသံကို ကြားမိသဖြင့် သရဲခြောက်သည်ဟု ကနဦး ထင်မြင်မိကြောင်း မြန်မာနိုင်ငံသားက ပြောဆိုထားသည်။

သွားရောက်ကြည့်ရှုခဲ့ရာမှ အမျိုးသမီးတစ်ဦး ငါးဖမ်းလှေကြိုးပေါ်တွင် တွယ်ကပ်၍ ပေါ်နေသည်ကို တွေ့ရှိခဲ့ကြောင်း ဆိုသည်။

အမျိုးသမီးသည် လုံးဝမောပန်းနေသည်ကို တွေ့ရသဖြင့် မြန်မာအမျိုးသားက သူငယ်ချင်းများကို ခေါ်ယူ၍ ထိုင်းအမျိုးသမီးကို ကယ်တင်ခဲ့ပြီး ကမ်းပေါ်သို့ ခေါ်ယူပေးခဲ့ကြောင်း ဖော်ပြသည်။

ထိုင်းအမျိုးသမီးကလည်း မြစ်ကမ်းဘေးတွင် ပုလင်းအခွံ့များကို သိမ်းနေစဉ် ခြေချော်၍ မြစ်ထဲ ပြုတ်ကျသွားခဲ့ခြင်းဖြစ်ကြောင်း ဖြေကြားထားသည်။

သူမပြုတ်ကျပြီး မျောပါနေသောအချိန်တွင် ငါးဖမ်းလှေများစွာ သူမဘေးက ဖြတ်သွားသော်လည်း သူမကို သတိမထားမိကြကြောင်း ပြောသည်။

သူမက ဆက်မျောနေသဖြင့် ဘုရားစာသာ ဆက်တိုက်ရွတ်ဆိုနေခဲ့စဉ် ငါးဖမ်းလှေငယ်ဖြင့်လာသော မြန်မာနိုင်ငံသားကို တွေ့လိုက်ရခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

Ref: Khaosod English, CH 7