သတိပေးချက်
March 22, 2026

ဘန်ကောက်က မြန်မာအလုပ်သမားတစ်ဦး ထိုင်းထီ ဘတ် ၁၂ သန်း ကံထူး

December 4, 2025

December 4, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာ စက်ရုံအလုပ်သမားတစ်ဦးသည် ဒီဇင်ဘာလ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီအမြင့်ဆုံးဆု နှစ်စောင်တွဲ ဘတ် ၁၂ သန်း ထီ ကံထူးသွားခဲ့ကြောင်း Labour Rights Foundation အဖွဲ့ထံမှ သိရသည်။

မြန်မာအလုပ်သမားက ထိုင်းထီ ပထမဆု ၄၆၁၂၅၂ တွင် ခြောက်လုံးတိုက် ပထမဆုကို နှစ်စောင်တွဲ ကံထူးခဲ့သဖြင့် ဘတ် ၁၂ သန်း ရသွားခြင်းဖြစ်သည်။

ထီပေါက်သော မြန်မာအလုပ်သမားက ဆုငွေများကို ထုတ်ယူပေးရန် အကူအညီတောင်းခဲ့သဖြင့် ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဆုငွေထုတ်ယူပေးခဲ့ပြီးဖြစ်ကြောင်း Labour Rights Foundation အဖွဲ့က ဦးဘရီက ပြောသည်။

“ဒီအတိုင်း နောက်ပိတ်ဂဏန်း ၂၅၂ ကို ရှာထိုးရင်းနဲ့ ပေါက်သွားတယ်လို့ ပြောတယ်” ဟု ဦးဘရီက ဆိုသည်။

မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းထီကံထူးခဲ့ပါက ဆောင်ရန်၊ ရှောင်ရန်များကို သိရှိပြီး ဆုငွေထုတ်ယူနိုင်ရေး မြန်မာအလုပ်သမားအဖွဲ့အစည်းများထံ အကူအညီတောင်းကြရန် ဦးဘရီက တိုက်တွန်းသည်။