ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် ဖို့ဖရာ့ဒေသတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၅၀ ခန့် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဩဂုတ်လ ၄ ရက်နေ့ ညပိုင်းတွင် ဖို့ဖရာ့ဒေသတွင် နယ်ခြားစောင့်တပ်များ ကင်းလှည့်နေစဉ် မသင်္ကာစရာ ကားလေးစီးကို တားဆီးစစ်ဆေးရာမှ မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။
ကားလေးစီးထဲတွင် မြန်မာနိုင်ငံသား အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၂၂ ဦး စုစုပေါင်း ၄၅ ဦးကိုတွေ့ရှိခဲ့ပြီး အားလုံးတွင် နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရကြောင်း ဖော်ပြထားသည်။
ဖမ်းဆီးခံရသူများတွင် လူငယ်အများစုပါဝင်နေပြီး အရွယ်မရောက်သေးသော ကလေးငယ်များလည်း ပါဝင်နေသည်ကို ထုတ်ပြန်ထားသော ဓါတ်ပုံများအရ သိရသည်။
ကားလေးစီးအနက် ကားသမား ၂ ဦးမှာ မှောင်ရိပ်ခိုကာ ထွက်ပြေးလွတ်မြောက်သွားပြီး ကျန်နှစ်ဦးကိုမူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသားများကို ဖို့ဖရာ့ဒေသရှိ ပြောင်းဖူးခင်းထဲမှ အခြားနေရာတစ်ခုသို့ တစ်ဦးလျှင် ဘတ် ၅၀၀ ဖြင့် ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း ကားသမားများ၏ ဖြေကြားချက်ကို ဖော်ပြသည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား လေးဦးနှင့်အတူ ကားသမားနှစ်ဦးကို ဖို့ဖရာ့ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ပြီးခဲ့သော ဇူလိုင်လ ၂၉ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၃၃ ဦး ဖမ်းဆီးခံရသေးသည်။
Ref: Thai PBS, Inside Thailand