သတိပေးချက်
October 7, 2025

ဖူးခက်တွင် မြန်မာတစ်ဦး ဓားထိုးခံရပြီး သေဆုံး

October 6, 2025

October 6, 2025

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် မြန်မာအချင်းချင်း စကားများ ရန်ဖြစ်ရာမှ မြန်မာနိုင်ငံသားတစ်ဦး ဓားထိုးခံရပြီး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

အောက်တိုဘာလ ၃ ရက် ည ၇ နာရီခန့်က ပါတွန်ဒေသတွင် အသက် ၃၈ နှစ်အရွယ် ကိုဇော်မင်းဝင်းအမည်ရှိ မြန်မာနိုင်ငံသားတစ်ဦး နေထိုင်ရာအခန်း အပြင်ဘက်တွင် ဓါးထိုးဒဏ်ရာဖြင့် လဲကျနေကြောင်း ဖော်ပြသည်။

ကိုဇော်မင်းဝင်းကို ကယ်ဆယ်ရေးအဖွဲ့က အရေးပေါ် အသက်ကယ်နည်း CPR ပြုလုပ်ပြီး ဆေးရုံသို့ အမြန်ပို့ဆောင်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

အခင်းဖြစ်သည့် အခန်းအနီးတွင် ဓားတစ်ချောင်းကို သွေးစများဖြင့် တွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့က သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း ဆိုသည်။

အခင်းမဖြစ်ပွားမီ ကိုဇော်မင်းဝင်းသည် သူငယ်ချင်းတစ်ဦးနှင့်အတူ အခန်းထဲတွင် အရက်သောက်နေစဉ် စကားများ ရန်ဖြစ်ခဲ့ကြကြောင်း နီးစပ်သူများက ပြောဆိုသည်။

ဓားဖြင့် ထိုးခဲ့သောသူသည် အခင်းဖြစ်ပွားပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကတစ်ဆင့် စုံစမ်းရှာဖွေနေဆဲဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

Ref: The Thaiger, Phuket News