သတိပေးချက်
February 7, 2026

ဘန်ကောက်မြို့လယ်တွင် ဆောက်လုပ်ရေးကရိန်းပြိုကျပြီး မြန်မာလုပ်သားတစ်ဦး အပြင်းအထန်ဒဏ်ရာရ

February 7, 2026

February 7, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ကရိန်းပြိုကျမှုကြောင့် အောက်တွင်ရှိနေသော မြန်မာအလုပ်သမားတစ်ဦး အပြင်းအထန် ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ခလောင်တိန်နယ်မြေ Asoke ဒေသ စူကူဗစ် ၂၁ လမ်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ကရိန်းပြိုကျခြင်းဖြစ်သည်။

အလုပ်လုပ်နေသော မြန်မာအလုပ်သမားများအပေါ်သို့ ကရိန်း ပြုတ်ကျလာခဲ့ပြီး မြန်မာအလုပ်သမားနှစ်ဦး ဒဏ်ရာရကြောင်း ဖော်ပြသည်။

၎င်းတို့အနက် အမျိုးသားတစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့ ရောက်ရှိချိန်တွင် သတိမေ့မြောနေ သဖြင့် အရေးပေါ် အသက်ကယ်နည်း CPR ပြုလုပ်ပေး၍ အထွေထွေရဲဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဆိုသည်။

နောက်တစ်ဦးမှာ အမျိုးသမီးအလုပ်သမားဖြစ်ပြီး ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ပြီး ချူလာလောင်ကွန်းဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။

ကရိန်းပြိုကျမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး အရေးပေါ်လုံခြုံရေးစနစ် တည်ဆောက်ထားခြင်း ရှိမရှိ စစ်ဆေးနေကြောင်း သတင်းများတွင် ဖော်ပြသည်။

Ref: The Nation Thailand, Khaosod