သတိပေးချက်
October 7, 2025

ဘန်ကောက်တွင် ကားနှစ်စီးတိုက်မိပြီး မြန်မာတစ်ဦး သေဆုံး

October 7, 2025

October 7, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကားနှစ်စီး တိုက်မိခဲ့ရာမှ မြန်မာနိုင်ငံသားတစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မြန်မာနိုင်ငံသား လိုက်ပါလာသော ပစ်ကပ်ကားမောင်းသမားက အိပ်ငိုက်ပြီး အရှေ့တွင် သွားနေသော ဆယ်ဘီးကားကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင်ပါရှိသည်။

ကားတိုက်မှုကြောင့် ပစ်ကပ်ကားအနောက်တွင် လိုက်ပါလာသော အသက် ၄၀ နှစ်အရွယ် ကိုမြတ်သူအောင်က လမ်းပေါ်ပြုတ်ကျခဲ့ပြီး အနောက်ကပါလာသော ကားက ဝင်တိုက်ခဲ့သဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

ပစ်ကပ်ကားမောင်းသမားနှင့် ဘေးတွင်လိုက်ပါလာသူတို့ နှစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးသည် မည်သည့်နိုင်ငံသားများဖြစ်ကြောင်း မဖော်ပြထားသဖြင့် မသိရပေ။

လက်ရှိတွင် သေဆုံးသူ၏ အလောင်းကို စီရီရတ်ဆေးရုံသို့ ပို့ဆောင်ထားပြီး ကားတိုက်မှုဖြစ်စဉ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

Ref: Khaosod English, News in Thailand