ထိုင်းနိုင်ငံ ၊ ဟွာဟင်မြို့တွင် အောက်တိုဘာလ ၅ ရက် ညပိုင်းက အသက်နှစ်ဆယ်ကျော်အရွယ် အမွှာညီအစ်ကို နှစ်ဦး စီးလာသည့်ဆိုင်ကယ်အား နောက်ထပ်ဆိုင်ကယ်တစ်စီးက ဝင်တိုက်မိခဲ့ကြောင်း ဝေဟင်ရောက် မြန်မာ့အသိုင်းအဝိုင်းထံမှသိရသည်။
အမွှာညီအစ်ကို နှစ်ဦး သည် တနင်္သာရီမြို့နယ်၊ ဇဝဲရွာမှ ကိုကောင်းထိုက်စံနှင့် ကိုကောင်းထက်စံ တို့ ဖြစ်ကြသည်။
၎င်းတို့နှစ်ဦး အနက် အကြီးဖြစ်သူ ကိုကောင်းထက်စံသည် အောက်တိုဘာလ ၆ ရက်တွင်သေဆုံးသွားပြီး ၎င်းတို့နှင့် ယာဥ်တိုက်မှုဖြစ်ခဲ့သည့် ဆိုင်ကယ်မောင်း လာသူ တရုတ်နိုင်ငံသားလည်း ဒဏ်ရာပြင်းထန်ကြောင်း ကူညီဆောင်ရွက်ပေးနေသူ အမျိုးသားတစ်ဦး ကပြောသည်။
” အရှေ့က ဆိုင်ကယ်မောင်းတဲ့ အငယ်မှာက ဒဏ်ရာနည်းတယ်။ အကြီးနဲ့ တရုတ်မှာက ဒဏ်ရာများတယ်။ သူတို့သုံးယောက်စလုံးက ဆိုင်ကယ်ဦးထုပ်မပါကြဘူးလေ။ ပိုအထိနာကြတယ် “ ဟု ၎င်းကပြောဆိုသည်။
ဒဏ်ရာရသူ နှစ်ဦးမှာ ဟွာဟင်မြို့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရဆဲဖြစ်ပြီး ယာဥ်တိုက်မှုနှင့် ပတ်သက်သည့်အမှုကိစ္စများ ဆောင်ရွက်ရန် ကာယကံရှင်မိသားစုကို စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှသည်။