သတိပေးချက်
December 23, 2024

အယုဒ္ဓယတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ထိုင်းအာဏာပိုင်များဝင်စစ်၊ မြန်မာ ၄၀ နီးပါး ဖမ်းဆီးခံရ

December 9, 2024

December 9, 2024
ပုံစာ - ဒီဇင်ဘာလ ၈ ရက်က မြန်မာအလုပ်သမားများကို ဖမ်းဆီးစစ်ဆေးနေစဉ်။

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့ပြီး အထောက်အထားမရှိသည့် မြန်မာအလုပ်သမား ၄၀ နီးပါးကို ဖမ်းဆီးသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဒီဇင်ဘာလ ၈ ရက် နံနက်ပိုင်းက အယုဒ္ဓယခရိုင်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များက ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲရှိ အလုပ်သမားတန်းလျားများကို ဝင်ရောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ဝင်ရောက်စစ်ဆေးစဉ် အလုပ်သမားများသည် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပြီး အချို့မှာ ခေါင်မိုးပေါ်အထိ တက်ပြေးခဲ့ကြ ကြောင်း သတင်းတွင် ဖော်ပြသည်။

အလုပ်သမားတန်းလျားများတွင် နေထိုင်နေသော မြန်မာအလုပ်သမား ၁၀၀ဦးကို စစ်ဆေးခဲ့ရာ တရားဝင်နေထိုင် လုပ်ကိုင် ခွင့် အထောက်အထားမရှိသော အမျိုးသား ၂၆ဦး၊ အမျိုးသမီး ၁၁ဦး စုစုပေါင်း ၃၇ဦးကို ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။

အဆုပါ မြန်မာနိုင်ငံသားများသည် မယ်ဟောင်စောင်နယ်စပ်ကတစ်ဆင့် တရားမဝင် ဝင်ရောက်လာကြပြီး ခရီးစရိတ် ဘတ် ၁၅၀၀၀ မှ ၂၀၀၀၀ အထိ ပွဲစားများကို ပေးချေခဲ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲတွင် အခြေခံအလုပ်သမားများက တစ်ရက် ဘတ် ၅၀၀ ရရှိနေပြီး ကျွမ်းကျင်ပါက ဘတ် ၆၀၀ အထိ ရရှိနေကြောင်း ဆိုသည်။

မြန်မာနိုင်ငံအတွင်း တိုက်ပွဲများကြောင့် ရွေးချယ်ခွင့် မရှိကြဘဲ ထိုင်းနိုင်ငံသို့ ထွက်ပြေးလာကာ အလုပ်လုပ်နေရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံသားများ၏ ဖြေကြားချက်ကို ဖော်ပြထားသည်။

ဖမ်းဆီးထားသူများကို ဥထိုင်းရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး တရားမဝင် ဝင်ရောက်လာမှုဖြင့် အရေးယူမည်ဖြစ်ကြောင်း ဖော်ပြသည်။

ထိုင်းတွင် မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်မှ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအား ဒီဇင်ဘာလ ၃၀ ရက်အထိ လွတ်လပ်စွာနေထိုင်ခွင့်ပြုကြောင်း ထိုင်းဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးတို့က စာထုတ်ညွှန်ကြားထား သည်။

တစ်ဖက်တွင်လည်း ထိုင်းအာဏာပိုင်များက လုပ်ငန်းခွင်များထဲတွင် ဝင်ရောက်ဖမ်းဆီးမှုများ ဆက်တိုက်တွေ့လာနေရခြင်း ဖြစ်သည်။

Ref: Khaosod English