သတိပေးချက်
March 22, 2026

ထိုင်းတောင်ပိုင်းတွင် ကားများကို ရိုက်ဖျက်သွားသော မြန်မာတစ်ဦး ဖမ်းဆီးခံရ

January 14, 2026

January 14, 2026

ထိုင်းနိုင်ငံတောင်ပိုင်း စတွန်းခရိုင်တွင် အိမ်ရှေ့၌ ရပ်ထားသော ကားများ၏ တံခါးပေါက်မှန်များကို ရိုက်ဖျက်မှုဖြင့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဇန်နဝါရီလ ၁၃ ရက် နံနက် ၃ နာရီခန့် စတွန်းခရိုင် လငူဒေသတွင် မြန်မာနိုင်ငံသားတစ်ဦး ပေါက်ချွန်းနှင့် ကျောက်ခဲများဖြင့် ရိုက်နှက် ဖျက်ဆီးခဲ့သည်ကို CCTV မှတ်တမ်းအရ သိရကြောင်း ဆိုသည်။

ကား ၁၈ စီးနှင့် ဆိုင်ကယ် ၁ စီး ရိုက်ဖျက် ခံရကြောင်း ဖော်ပြသည်။

ယင်းသို့ ရိုက်ဖျက်သွားသည့် အသက် ၄၅နှစ်အရွယ် ဦးဇော်ကို ဇန်နဝါရီလ ၁၃ရက် နံနက် ၄နာရီတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ၎င်းနှင့်အတူ ပါလာသော ပေါက်ချွန်းကိုပါ သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ဦးဇော်ကို အား စစ်ဆေးရာ မူးယစ်ဆေးဝါး သုံးစွဲထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပြီး တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများလည်း မတွေ့ရကြောင်း ဆိုသည်။

အများပြည်သူ၏ ယာဉ်များကို ဖျက်ဆီးမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊ တရားမဝင် နေထိုင်မှုများဖြင့် ၎င်းကို အမှုဖွင့်ထားသည်။

Ref: MGR Online, CH 7, Naewna