သတိပေးချက်
June 19, 2025

ချင်းမိုင်-ဘန်ကောက်ရထားပေါ် မြန်မာ ၃၅ဦး ဖမ်းဆီးခံရ

August 16, 2024

August 16, 2024

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်-ဘန်ကောက်ပြေးဆွဲနေသော ရထားပေါ်တွင် တရားမဝင် လိုက်ပါလာသော မြန်မာနိုင်ငံသား ၃၅ ဦး ဩဂုတ်လ ၁၄ ရက်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ချင်းမိုင်မြို့မှ ထွက်ခွာလာသည့် အမှတ် ၁၀၂ အမြန်ရထားပေါ်တွင် တရားမဝင် နိုင်ငံခြားသားများ လိုက်ပါလာကြောင်း သတင်းရရှိသဖြင့် ဖဲခရိုင်ရှိ ဘူတာတစ်ခုတွင် စစ်ဆေးခဲ့ရာမှ ဖမ်းမိခြင်းဖြစ်ကြောင်း ဆိုသည်။

ဖမ်းဆီးခံရသည့် မြန်မာများတွင် အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၇ ဦးနှင့် ကလေးငယ် သုံး ဦးတို့ ပါဝင်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများသည် ချင်းမိုင်မြို့မှတစ်ဆင့် ဘန်ကောက်သို့ သွားရောက်လုပ်ကိုင်ရန် ပွဲစားကို မြန်မာငွေ ၁၂ သိန်း ပေးဆောင်၍ လိုက်ပါလာခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။

အားလုံးကို လော်ရဲစခန်းသို့ ပို့ဆောင်ကာ ထိုင်းသို့ တရားမဝင် ဝင်ရောက်လာမှုများဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းများတွင် ဖော်ပြသည်။

ဩဂုတ်လ ၁၃ ရက်ကလည်း ထိုင်းနိုင်ငံမြောက်ပိုင်း နခွန်စဝမ်ခရိုင်တွင် ပစ်ကပ်ကားဖြင့် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၁၅ ဦး ဖမ်းဆီးခံရသေးသည်။

Ref: Thai PBS North, Chiangmai News