သတိပေးချက်
March 21, 2026

ဘန်ကောက်မှာ ဟင်းအော်ဒါပို့ရင်း တက္ကသိုလ်ဆက်တက်ဖို့ ကြိုးစားနေသူ

December 26, 2024

December 26, 2024

တက္ကသိုလ်နောက်ဆုံးနှစ် မြန်မာကျောင်းသူတစ်ဦးက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဟင်းအော်ဒါပို့ရင်း ကျောင်းဆက်တက်ဖို့ ကြိုးစားနေပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်အောက်မှာ တက္ကသိုလ် ဆက်မတက်ချင်တော့တဲ့အတွက် CDM လုပ်ခဲ့ပြီး ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလာခဲ့တာပါ။

ဒဂုံတက္ကသိုလ်မှာ နောက်ဆုံးနှစ် ဇီဝဓာတုဗေဒဘာသာရပ်နဲ့တက်ရောက်ခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ တက္ကသိုလ်ပညာရေး ဆက်လက်သင်ယူနိုင်ဖို့အတွက် အားမလျှော့ဘဲ ကြိုးစားရုန်းကန်နေပါတယ်။ ဘယ်လိုရုန်းကန်နေရပါသလဲ။