သတိပေးချက်
June 20, 2025

ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သားတစ်ဦးကို ကြိုးဆွဲချသတ်သေ

February 27, 2024

February 27, 2024

ထိုင်းနိုင်ငံတောင်ပိုင်း နခွန်စီထမရတ်ခရိုင် ချဝမ်ဒေသတွင် မြန်မာအလုပ်သမားတစ်ဦး နေထိုင်ရာအခန်းတွင် ကြိုးဆွဲချသတ်သေခဲ့ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။

ခလောကျန်းဒီး မီးရထားဘူတာနောက်ရှိ အခန်းတွင် တစ်ဦးတည်းရှိနေစဉ် ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က ကြိုးဆွဲချသတ်သေခဲ့ခြင်းဖြစ်သည်။

သေဆုံးသူသည် အသက် ၃၅ နှစ်အရွယ် ကိုကောင်းအမည်ရှိ မြန်မာအလုပ်သမားတစ်ဦးဖြစ်ပြီး မြန်မာပြည်နေရပ်ကို ဖော်ပြထားခြင်းမရှိပေ။

အခန်းတွင် တစ်ဦးတည်းရှိနေချိန် သေဆုံးနေသည်ကို လူတစ်ဦးက တွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သတ်သေရသည့် အကြောင်းအရင်းကိုမူ မသိရှိရသေးကြောင်း သတင်းတွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်ကလည်း မြန်မာပြည်ပြန်ခွင့်မရသည့် မြန်မာအလုပ်သမားတစ်ဦး ကြိုးဆွဲချသတ်သေခဲ့ပြီး နေစရာ စားစရာမရှိသဖြင့် နောက်ထပ်မြန်မာတစ်ဦးလည်း မြောင်းထဲခုန်ချ သတ်သေခဲ့သည်။

Ref: สื่อมวลชน ข่าวท้องถิ่น ฉวาง