သတိပေးချက်
August 3, 2026

ထိုင်းတွင် မြန်မာအမျိုးသမီးကို သတ်ဖြတ်အလောင်းစွန့်ပစ်ခဲ့သူကို ဖမ်းမိ

August 3, 2026

August 3, 2026

ထိုင်းနိုင်ငံ ချာချင်စောင်ခရိုင်တွင် မြန်မာအမျိုးသမီးတစ်ဦးကို သတ်ဖြတ်အလောင်းစွန့်ပစ်ခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသော အသက် ၂၆နှစ်အရွယ် မစန္ဒာလင်း၏ ရုပ်အလောင်းကို ဇူလိုင်လ ၂၇ ရက် ညက လမ်းဘေးချုံတောထဲတွင် တွေ့ရှိခြင်းဖြစ်သည်။

မစန္ဒာလင်းသည် ဇူလိုင်လ ၂၅ ရက်က မြန်မာနိုင်ငံသားတစ်ဦးနှင့် ဖုန်းပြောဆိုပြီးနောက် အလုပ်ရှိ အဆောင်မှ ထွက်သွားပြီးနောက် အဆက်သွယ် ပြတ်တောက်သွားကြောင်း ဖော်ပြသည်။

ရဲတပ်ဖွဲ့က မစန္ဒာလင်း နောက်ဆုံး ဖုန်းပြောဆိုခဲ့သူကို စစ်ဆေးရာ ၎င်း အလုပ်လုပ်ကိုင်သည့် စက်ရုံက အလုပ်သမားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုသန်းဇော်ဝင်း ဖြစ်သည်ကို တွေ့ရှိခဲ့ကြောင်း ဆိုသည်။

ထို့နောက် စက်ရုံရှိ CCTV ကို စစ်ဆေးရာ မစန္ဒာလင်း ထွက်သွားပြီးနောက် ကိုသန်းဇော်ဝင်းလည်း ဓားကိုင်ဆောင်ကာ စက်ရုံမှ ထွက်သွားသည်ကို တွေ့သဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။

အလုပ်နှင့် ပတ်သက်၍ အချင်းချင်းစကားများ ရန်ဖြစ်ခဲ့ရာမှ လူသတ်မှု ကျူးလွန်ခဲ့သည်ဟု ကိုသန်းဇော်ဝင်းက ဝန်ခံခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

ဓါးနှင့် မစန္ဒာလင်း၏ ဖုန်းတို့ကို အနီးရှိ ရေကန်ထဲသို့ စွန့်ပစ်ခဲ့ဟုလည်း ထွက်ဆိုခဲ့ကြောင်း ဆိုသည်။

ယခုဖြစ်စဉ်တွင် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်း ရှိမရှိ ကိုလည်း စစ်ဆေးနေပြီး လူသတ်မှု၊ လက်နက်ကိုင်ဆောင်မှုဖြင့် ကိုသန်းဇော်ဝင်းကို ဘန်ဖိုးရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ဖော်ပြသည်။