သတိပေးချက်
November 4, 2026

ဘန်ကောက်တွင် လူသုံးကုန်ပစ္စည်း အတုထုတ်သော စက်ရုံထဲ မြန်မာလုပ်သားရှစ်ဦး ဖမ်းဆီးခံရ

November 4, 2026

November 4, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ဘောနယ်မြေရှိ သွားတိုက်ဆေး၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာ၊ ရေမွှေး စသော လူသုံးကုန်ပစ္စည်း အတုများကို ထုတ်လုပ်နေသော စက်ရုံကို အာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား ရှစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

နိုဝင်ဘာလ ၃ ရက်က ဘန်ဘောနယ်မြေ ဘန်ဘောနူန်ဒေသရှိ စက်ရုံထဲက ကုန်ပစ္စည်းအမှတ်တံဆိပ် အတုများကို ထုတ်လုပ်နေကြောင်း တိုင်ကြားချက်ရရှိသဖြင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက ဝင်ရောက်စစ်ဆေးခဲ့သည်။

စက်ရုံထဲတွင် ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ ရေမွှေး၊ အလှဆီ စသော နာမည်ကြီး အမှတ်တံဆိပ် လူသုံးကုန်ပစ္စည်းပေါင်း ၁၅၀၀၀ ကျော်ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

အားလုံးသည် ပစ္စည်းအတုများဖြစ်ပြီး ဝယ်ယူသူများကို ပို့ဆောင်ရန် စီစဉ်ထားသည့် ပစ္စည်းပါကင်များကိုလည်း တွေ့ရသဖြင့် အားလုံးကို သိမ်းဆည်းခဲ့ကြောင်း ဆိုသည်။

စက်ရုံထဲတွင် မြန်မာအလုပ်သမားရှစ်ဦးနှင့် တရုတ်နိုင်ငံသားတစ်ဦး အလုပ်လုပ်ကိုင်နေသဖြင့် ဥပဒေအရ အရေးယူရန် ဘန်ဘောရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

ယင်းပစ္စည်းများကို Shopee နှင့် TikTok Shop ကဲ့သို့ အွန်လိုင်းဈေးကွက်တွင် အဓိကဖြန်ချိနေပြီး ပစ္စည်းများကို ပို့ဆောင်ရန် ထုပ်ပိုးနေကြောင်း အလုပ်သမားများက ဖြေကြားထားသည်။

စက်ရုံပိုင်ရှင်သည် တရုတ်နိုင်ငံသားဖြစ်ပြီး လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေသဖြင့် ဝရမ်းထုတ်၍ ရှာဖွေစစ်ဆေးမည်ဖြစ်ကြောင်း ဖော်ပြသည်။

Ref: Daily News, Thai Press, Khaosod