သတိပေးချက်
November 5, 2026

စမွတ်စခွန်တွင် မှတ်ပုံမတင်ထားသော တိရစ္ဆာန်အစာစက်ရုံက မြန်မာ ၅၅ ဦး ဖမ်းဆီးခံရ

November 5, 2026

November 5, 2026

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်တွင် တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသော တိရစ္ဆာန်အစာနှင့် ဆက်စပ်ပစ္စည်းထုတ်နေသော စက်ရုံကို ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာအလုပ်သမား ၅၅ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

စမွတ်စခွန်ခရိုင် ဖန်ထိုင်းနရာဆင်ဒေသရှိ စက်ရုံတစ်ရုံတွင် တရားမဝင် ကုန်ပစ္စည်းများကို ထုတ်လုပ်နေကြောင်း တိုင်ကြားချက် ရရှိသဖြင့် ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၄ ရက်တွင် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

စက်ရုံထဲတွင် မြန်မာအလုပ်သမား အမျိုးသား ၃၆ ဦး၊ အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၅၅ ဦးနှင့်အတူ တရုတ်အလုပ်သမား နှစ်ဦးတို့ လုပ်ကိုင်နေသည်ကို တွေ့ရကြောင်း ဖော်ပြသည်။

စက်ရုံတွင် တိရစ္ဆာန်အစာနှင့် ဆက်စပ်ပစ္စည်းများကို ထုတ်လုပ်နေပြီး ထိုင်းနိုင်ငံအတွင်း တရားဝင် မှတ်ပုံတင်ထားခြင်းမရှိကြောင်း ဆိုသည်။

ထို့ကြောင့် ဘတ် ၁၅ သန်းကျော် တန်ဖိုးရှိပစ္စည်း အားလုံးကို သိမ်းဆည်းခဲ့ကြောင်း ဖော်ပြသည်။

မြန်မာအလုပ်သမားများသည် တစ်ရက်လုပ်ခ ဘတ် ၄၀၀ နှုန်းဖြင့် အလုပ်လုပ်ကိုင်နေကြကြောင်း ထွက်ဆိုထားသည်ဟု ဖော်ပြသည်။

မြန်မာနိုင်ငံသားများနှင့် တရုတ်နိုင်ငံသားများကို ခွန်ခမ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

ထိုင်းရောက်မြန်မာအလုပ်သမားများအနေဖြင့် မိမိလုပ်ကိုင်နေသော စက်ရုံသည် တရားဝင် ရှိ၊ မရှိ စိစစ်ပြီးမှ အလုပ်လုပ်ကိုင်ကြရန် အလုပ်သမားကူညီနေသူများက တိုက်တွန်းထားသည်။

Ref: Samut Sakhon News, Samut Sakhon Police Station