သတိပေးချက်
November 12, 2026

အယုဒ္ဓယတွင် တရားမဝင်လာသော မြန်မာ ၁၄ ဦးနှင့် မြန်မာကားသမားတို့ ဖမ်းဆီးခံရ

November 12, 2026

November 12, 2026

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၁၄ ဦးနှင့်အတူ အသက် ၁၉နှစ်အရွယ် မြန်မာကားသမားတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

နိုဝင်ဘာလ ၁၁ ရက် ညက မဟာရတ်ဒေသ အဝေးပြေးလမ်းမကြီးပေါ်တွင် အိမ်စီးကားတစ်စီး မောင်းလာစဉ် ပုံမှန်အလေးချိန်ထက် များနေပြီး ကားမှန်များကို ကာထားသည်ကို တွေ့ရသဖြင့် ရပ်တန့်စစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။

ကားထဲတွင် မြန်မာနိုင်ငံသား ၁၄ ဦးကို‌ တွေ့ရပြီး အားလုံးတွင် နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရကြောင်း ဖော်ပြသည်။

ကားကို အသက် ၁၉ နှစ်အရွယ် ကိုဘုန်းခန့်အောင် က မောင်းနှင်လာပြီး ပို့ဆောင်ခ ဘတ် ငါးထောင်ဖြင့် အခြား မြန်မာနိုင်ငံသားတစ်ဦးက ငှားရမ်းခဲ့သဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

မြန်မာနိုင်ငံသားများကို တာခ့်ခရိုင်မှတစ်ဆင့် ချွန်ဘူရီခရိုင်သို့ ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း ကားသမားက ထွက်ဆိုထားသည်။

မြန်မာနိုင်ငံသားများကလည်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာရန် ပွဲစားများကို ဘတ် ၃၅၀၀၀ အထိ ပေးချေ၍ ဝင်လာခဲ့ကြကြောင်း ထွက်ဆိုသည်ဟု ဖော်ပြသည်။

မြန်မာနိုင်ငံသား ၁၄ ဦးကို တရားမဝင် ဝင်ရောက်လာမှုဖြင့် အမှုဖွင့်ထားပြီး ကားသမားကိုမူ မြန်မာနိုင်ငံသားများကို တရားမဝင် ပို့ဆောင်မှုဖြင့် အရေးယူထားကြောင်း ဖော်ပြသည်။

ထိုင်းနိုင်ငံတစ်ဝန်းတွင် တရားမဝင် ဝင်ရောက်လာမှုဖြင့် ဖမ်းဆီးခံရမှု ပိုမြင့်တက်လာနေသလို လုပ်ငန်းခွင်ထဲတွင် စာရွက်စာတမ်း မပြည့်စုံသူများကို ဖမ်းဆီးအရေးယူမှုများလည်း ဆက်တိုက်ရှိနေသည်။

Ref: Khaosod, News 1