သတိပေးချက်
November 13, 2026

မြန်မာလုပ်သားအ‌ရေး ဆန္ဒပြတောင်းဆိုသူ ကိုစူရတ် ရဲစခန်းတွင် လာအဖမ်းခံ

November 13, 2026

November 13, 2026

CI ဖျက်သိမ်းရေးအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကုလသမဂ္ဂရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့သော Bright Future အဖွဲ့ခေါင်းဆောင် ကိုစူရတ်သည် ယနေ့တွင် ရဲစခန်း၌ လာရောက်အဖမ်းခံကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

နိုဝင်ဘာလ ၆ ရက်က ကိုစူရတ် (ခေါ်) ဝီရစယ်ထော၏ မွေးစာရင်းကို စိုင်ယွတ်ရုံးက ပယ်ဖျက်ခဲ့သည်။

ယင်းအပြင် ဆယ်နှစ်ခံကတ်ပြုလုပ်စဉ် အချက်အလက်အမှားများကို တင်ပြခဲ့မှု စွပ်စွဲချက်ဖြင့် ကန်ချနဘူရီတရားရုံးက နိုဝင်ဘာလ ၉ ရက်တွင် ဖမ်းဝရမ်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယနေ့တွင် ကိုစူရတ်သည် လာရောက် ဖမ်းဆီးခံခဲ့ခြင်းပြီး ကန်ချနဘူရီရဲစခန်းတွင် စစ်ဆေးမေးမြန်းနေဆဲဖြစ်ကာ ဥပဒေအရ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: Amarin Tv, Khaosod