သတိပေးချက်
November 27, 2026

မလေးရှားတွင် လောင်းလုံး ဝေဒီရွာသားတစ်ဦး ကြိုးဆွဲချသေဆုံး

November 27, 2026

November 27, 2026
ပုံစာ - ကိုဝေဇော်သက်၏ ရုပ်အလောင်းအား ရင်ခွဲရုံသို့ ပို့နေစဉ်။

မလေးရှားနိုင်ငံ၊ ပူချွန်းမြို့တွင် ယမန်နေ့ (နိုဝင်ဘာလ ၂၆ ရက်)နေ့လယ်ပိုင်းက မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး ကြိုးဆွဲချ၍ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူသည် လောင်းလုံးမြို့နယ် ဝေဒီရွာသား အသက် ၃၁ နှစ်အရွယ် ကိုဝေဇော်သက် ဖြစ်ကြောင်း သေဆုံးသူ၏ မိတ်ဆွေများထံမှ သိရသည်။

ကိုဝေဇော်သက်သည် အတူနေအခန်းဖော်များ အလုပ်သွားနေစဉ် နေထိုင်ရာအခန်း၌ပင် ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ၎င်း၏ မိတ်ဆွေတစ်ဦးက ပြောသည်။

“အတူနေသူတွေ အလုပ်မပြန်ခင်လေးမှာပဲ ဖြစ်သွားတယ်။ သူက အလုပ်ထွက်ထားတာ ၅ ရက်လောက်တော့ ရှိပြီ” ဟု ၎င်းက ပြောဆိုသည်။

၎င်း၏ ရုပ်အလောင်းကို ဆေးရုံသို့ ပို့ဆောင်ကာ ရင်ခွဲရုံ၌ စစ်ဆေးခဲ့သည်။

မည်သည့်အကြောင်းအရင်းကြောင့် ကြိုးဆွဲချ၍ သေဆုံးသည်ကိုမူ သီးခြားအတည်မပြုနိုင်သေးပေ။

ကိုဝေဇော်သက်သည် အသား၊ ငါးများကို ကားဖြင့် ဈေးလှည့်ရောင်းသည့် အလုပ်ကို လုပ်ကိုင်ခဲ့ကြောင်း ၎င်း၏ မိတ်ဆွေများထံမှ သိရသည်။