သတိပေးချက်
September 22, 2026

ဒေါ်လာငါးသိန်းဖြင့် စင်ကာပူလေဆိပ်မှထွက်ခွာရန်ကြိုးပမ်းသည့် လက်နက်ပွဲစားအပါအဝင် မြန်မာသုံးဦးအရေးယူခံရ 

January 10, 2024

January 10, 2024

စင်ကာပူဒေါ်လာ ငါးသိန်းကျော်ကို သတင်းမပို့ဘဲ ယူဆောင်လာပြီး စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှ ထွက်ခွာရန် ကြိုးပမ်းသည့် မြန်မာနိုင်ငံသားသုံးဦး အရေးယူခံရကြောင်း စင်ကာပူရဲတပ်ဖွဲ့က ဇန်နဝါရီလ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ဦးကျော်မင်းဦးဆိုသူသည် စင်ကာပူဒေါ်လာ ၅၀၈,၉၂၅ ကို ငွေသားအဖြစ် မကြေညာခဲ့ဘဲ ချန်ဂီလေဆိပ်မှ ထွက်ခွာရန် ပြီးခဲ့သည့် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ 

၎င်းသည် နောက်ထပ်မြန်မာနှစ်ဦးဖြစ်သည့် ဦးဝေဆာထွန်းနှင့် ဦးဝင်းမြင့်ဆိုသူတို့ကို ဒေါ်လာခွဲယူ သယ်ဆောင်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ဦးဝေဆာထွန်းက ဒေါ်လာနှစ်သိန်းခွဲ၊ ဦးဝင်းမြင့်က ဒေါ်လာ ၂၄၉၀၀၀၊ ဦးကျော်မင်းဦးက ၉၉၂၅ ဒေါ်လာ သယ်ဆောင် လာခဲ့ကြောင်း စင်ကာပူရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ 

ငွေသားမှောင်ခိုသယ်ဆောင်မှုဖြင့် အရေးယူခံရသည့် ဦးကျော်မင်းဦးဆိုသူသည် စစ်ကောင်စီအတွက် စစ်လက်နက် ဝယ်ပေးသည့် ပွဲစားဖြစ်သဖြင့် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူထားသည့် Sky Aviator ကုမ္ပဏီ တည်ထောင်သူ ဖြစ်ကြောင်း ဧရာဝတီသတင်းတစ်ရပ်တွင် ဖော်ပြသည်။ 

စင်ကာပူလေဆိပ်မှ ထွက်ခွာလျှင် ဒေါ်လာ နှစ်သောင်းသာ သယ်ဆောင်ခွင့်ရှိပြီး အထက်ပါ မြန်မာသုံးဦးမှာ နှစ်သောင်းထက် ပိုမိုသယ်ဆောင်လာသော်လည်း လဝကသို့ အကြောင်းကြားရန် ပျက်ကွက်ခဲ့ကြောင်း စင်ကာပူရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ငွေသားမှောင်ခိုသယ်ဆောင်မှုကြောင့် ပြစ်ဒဏ်အဖြစ် ဦးကျော်မင်းဦးကို ဒဏ်ငွေ ဒေါ်လာ ၁၀၀၀၀ နှင့် ကျန်နှစ်ဦးကို ဒေါ်လာ ၅၀၀၀ စီ ဒီဇင်ဘာလ ၂၆ရက်က ချမှတ်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ ပြစ်မှုသည် အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ် သို့မဟုတ် ငွေဒဏ် စင်ကာပူဒေါ်လာ ၅၀၀၀၀ အထိ သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း ဆိုသည်။ 

Sky Aviator ကုမ္ပဏီ ပိုင်ရှင်လည်းဖြစ်၊ ဒါရိုက်တာလည်းဖြစ်သူ ဦးကျော်မင်းဦးနှင့် ၎င်း၏ ကုမ္ပဏီကို အမေရိကန် ပြည်ထောင်စုက ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ဒဏ်ခတ်အရေးယူခဲ့သည်။ 

Ref: The Strait Time, Singapore Police Force