သတိပေးချက်
June 11, 2026

မဲဆောက်ဈေးထဲတွင် မြန်မာနိုင်ငံသား ၁၀ ဦး ဖမ်းဆီးခံရ

June 11, 2026

June 11, 2026

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ဖာကျရေးဈေးထဲတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၀ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဖာကျရေးဈေးထဲတွင် မြန်မာနိုင်ငံသားများက ဥပဒေအရ တားမြစ်အလုပ်များ လုပ်ကိုင်နေသည်ဟု တိုင်ကြားလာသဖြင့် ဇွန်လ ၁၀ ရက်နေ့က မဲဆောက်အုပ်ချုပ်ရေးမှူးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အာဏာပိုင်များ ဈေးထဲရောက်လာစဉ် မြန်မာနိုင်ငံသားအချို့ ထွက်ပြေးသွားခဲ့ပြီး ဈေးထဲ တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံသားများကို ဖမ်းဆီးခဲ့သည့် အသေးစိတ်အကြောင်းရင်းများကိုမူ သတင်းများတွင် ဖော်ပြထားခြင်းမရှိပေ။

ဖမ်းဆီးခံရသူများကို ဥပဒေအရ အရေးယူနိုင်ရန်အတွက် မဲဆောက်ရဲစခန်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

မဲဆောက်မြို့ထဲတွင် နိုင်ငံခြားသားများ တရားမဝင် အလုပ်လုပ်ကိုင်မှု မရှိရေး အာဏာပိုင်များက အပတ်စဉ် စစ်ဆေးသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

Ref: AEC News, Maesot City