သတိပေးချက်
September 22, 2026

မဟာချိုင်တွင် မြန်မာလုပ်သားဇနီးမောင်နှံ ထိုင်းထီ ဘတ်ခြောက်သန်းကံထူး

September 17, 2025

September 17, 2025
ပုံစာ - ဆုငွေထုတ်ယူနေစဉ်။ ဓာတ်ပုံ - MHAC

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသရှိ စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသော မွန်ပြည်နယ်ဇာတိ မြန်မာ အလုပ်သမား ဇနီးမောင်နှံနှစ်ဦးသည် ထိုင်းထီအမြင့်ဆုံးဆု ဘတ်ခြောက်သန်း ထီပေါက်ကြောင်း MHAC မဟာမိတ် အဖွဲ့ထံမှ သိရသည်။

မြန်မာအလုပ်သမားစုံတွဲသည် စက်တင်ဘာလ ၁၆ရက်က ဖွင့်လှစ်ခဲ့သော ထိုင်းထီ ပထမဆု ၀၇၄၆၄၆ တွင် ခြောက်လုံး တိုက် ပထမဆုကို ကံထူးခြင်းဖြစ်သည်။

ထီပေါက်သူနှစ်ဦးက ဆုငွေထုတ်ယူပေးရန် မြန်မာအလုပ်သမားများအရေးဆောင်ရွက်နေသည့် MHAC မဟာမိတ်အဖွဲ့ထံ အကူအညီ တောင်းလာကြောင်း အဖွဲ့ဦးဆောင်သူ ကိုရဲမင်းက ပြောသည်။

“သူတို့ (ထီပေါက်သူ) ပြောတာက ထီပုံမှန် ကံစမ်းနေတယ်လို့ပြောတယ်။ ဒီတစ်ခေါက်တော့ ဘတ် ခြောက်သန်းပေါက်သွား တယ်ပေါ့” ဟု ကိုရဲမင်းက ဆိုသည်။

ထီပေါက်သော ဇနီးမောင်နှံနှစ်ဦးသည် ထိုင်းနိုင်ငံတွင် နှစ်ရှည် အလုပ်လုပ်ကိုင်နေသူများဖြစ်ပြီး မွန်ပြည်နယ် ဇာတိ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုင်းထီပထမဆုကို MHAC အဖွဲ့အစည်းကတစ်ဆင့် ကူညီထုတ်ယူပေးနေသည်မှာ ဆုရှင် ၅၈ဦးအထိရှိနေပြီဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

မြန်မာနိုင်ငံသားများသည် ထိုင်းထီကံထူးခဲ့ပါက လိမ်လည်သူများကို သတိထားကြရန်နှင့် ဆုငွေထုတ်ယူနိုင်ရေး မြန်မာအလုပ်သမားအဖွဲ့အစည်းများထံ အကူအညီတောင်းကြရန် ကိုရဲမင်းက ပြောဆိုသည်။