သတိပေးချက်
September 21, 2026

တရားမဝင်အလုပ်များ လုပ်ကိုင်၍ဟုဆိုကာ ၆ လအတွင်း မြန်မာနိုင်ငံသား ၃၀၀ ကျော်ကို ထိုင်းရဲဖမ်းဆီး

March 21, 2024

March 21, 2024
ပုံစာ - ခရီးသွားနေရာများရှိ ဈေးသည်များ (The Nation Thailand)

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ လုပ်ပိုင်ခွင့်မရှိသော အလုပ်များကို ဝင်ရောက်လုပ်ကိုင်နေသဖြင့် မြန်မာနိုင်ငံသား ၃၀၀ ကျော်ကို ခြောက်လအတွင်း ဖမ်းဆီးခဲ့ကြောင်း ထိုင်းအစိုးရက ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သောနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ လုပ်ပိုင်ခွင့်မရှိသော အလုပ်များ ဝင်ရောက်လုပ်ကိုင်နေမှုဖြင့် နိုင်ငံခြားသား အလုပ်သမား ၇၂၁ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့တွင် မြန်မာနိုင်ငံသား ၃၁၆ ဦးဖြင့် အများဆုံးဖြစ်ခဲ့ပြီး ကမ္ဘောဒီးယား ၁၇၅ ဦး၊ လာအို ၁၀၆ ဦးနှင့် အိန္ဒိယ၊ ဗီယက်နမ်၊ တရုတ်နှင့် အခြားနိုင်ငံသားများလည်း ပါဝင်ခဲ့သည်။

ရွှေ့ပြောင်းလုပ်သားများက တရားမဝင် အလုပ်များကို ဘန်ကောက်နှင့် အနီးတဝိုက်နေရာများ၊ ဖူးခက်၊ ကော့စမွေ၊ ပတ္တယားနှင့် ချင်းမိုင်ခရိုင်များကဲ့သို့ ခရီးသွားနေရာများတွင် အများဆုံး လုပ်ကိုင်နေသည်ကို တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားသည်။

အများစုသည် လမ်းပေါ်တွင် ဈေးရောင်းခြင်း၊ ဆံပင်ညှပ်၊ ကားမောင်းခြင်းနှင့် အနှိပ်သည်လုပ်ခြင်းကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ယင်းခြောက်လအတွင်း လုပ်ငန်းပေါင်း ၂၅၀၀၀ ကျော်ကို ဝင်ရောက်စစ်ဆေးခဲ့ပြီး နိုင်ငံခြားသား အလုပ်သမားပေါင်း ၃ သိန်းကျော်ကို စစ်ဆေးနိုင်ခဲ့ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

Ref: The Nation Thailand