သတိပေးချက်
June 21, 2026

တရားမဝင် ဝင်လာသူများကို ခေါ်ဆောင်လာသည့် မြန်မာကားသမား ဘန်ကောက်အနီးတွင် ဖမ်းဆီးခံရ

February 24, 2026

February 24, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင်တွင် မြန်မာအလုပ်သမားများကို တရားမဝင် လမ်းကြောင့်မှတစ်ဆင့် ခေါ်ဆောင်လာသော မြန်မာကားမောင်းသမားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဖဟိုယိုထင်လမ်းမကြီးတွင် မြန်မာနိုင်ငံသားများကို တရားမဝင် တင်ဆောင်လာသော ပစ်ကပ်ကားကို အမြန်လမ်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကားကို အသက် ၃၆ နှစ်အရွယ် ကိုနေမင်းလတ်အမည်ရှိ မြန်မာနိုင်ငံသားက မောင်းလာပြီး ကားထဲတွင် မြန်မာနိုင်ငံသား အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၇ ဦးကို တွေ့ရကြောင်း ဖော်ပြသည်။

လိုက်ပါလာသော မြန်မာနိုင်ငံသားများကို စစ်ဆေးရာ တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရကြောင်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံထဲ အလုပ်လုပ်ကိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံသားများသည် မဲဆောက်-မြဝတီ နယ်စပ်လမ်းကြောင်းကတစ်ဆင့် တရားမဝင် ဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများကို နခွန်စဝမ်မှတစ်ဆင့် ဘန်ကောက်သို့ ပို့ဆောင်ပေးရန် ခေါ်လာခြင်းဖြစ်ပြီး တစ်ဦးလျှင် ဘတ် ၁၀၀၀ စီ ရရှိမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပို့ဆောင်နေသည်မှာ ၂ ကြိမ်ရှိပြီဖြစ်ကြောင်း မြန်မာကားသမား၏ ဖြေကြားချက်ကို‌ ဖော်ပြသည်။

ထို့ကြောင့် ကားကိုလည်း သိမ်းဆည်းခဲ့ပြီး မြန်မာနိုင်ငံသားများကို ဖမ်းဆီး၍ ဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်‌ကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: Khaosod, Matichon Online, Naewna