သတိပေးချက်
September 22, 2026

စစ်ကောင်စီ အဓမ္မစစ်မှုထမ်းစုဆောင်းနေချိန် ထိုင်းက မြန်မာ ၁၃၀ ကျော်ကိုထပ်လွှဲ

June 25, 2025

June 25, 2025

စစ်ကောင်စီတပ်က အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းက မြန်မာနိုင်ငံသား ၁၃၀ ကျော်ကို ယနေ့ ဇွန် ၂၅ရက်တွင် ကော့သောင်းမြို့ဘက်သို့ ထပ်မံလွှဲပြောင်းကြောင်း ရနောင်း‌ခရိုင်လဝကရုံးက ထုတ်ပြန်သည်။

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား ၁၃၁ ဦးကို ကော့သောင်းမြို့သို့ ယနေ့ နံနက် ၁၁ နာရီခွဲတွင် ထပ်မံလွှဲပြောင်းခဲ့ခြင်းဖြစ်သည်။

နေရပ်ပြန်ပို့စဉ် ရနောင်းခရိုင် လဝကအရာရှိများနှင့်အတူ ရနောင်းအခြေစိုက် စစ်ကောင်စီ၏ အလုပ်သမားသံအရာရှိ ဦးမိုးဇော်လည်း တက်ရောက်ခဲ့သည်။

နေရပ်ပြန်ပို့မည့် မြန်မာနိုင်ငံသားများကို ရနောင်းဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းဘက်သို့ စက်လှေ ကိုးစင်းဖြင့် လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ပြထားသည်။

နေရပ်ပြန်ပို့ခံရသူများသည် တရားမဝင် ဝင်ရောက်မှု၊ မူးယစ်ဆေးသုံးစွဲမှုနှင့် အခြားအမှုများကြောင့် ပြစ်ဒဏ်ကျခံပြီးသူများဖြစ်ကြောင်း ဆိုသည်။

ယခု နေရပ်ပြန်ပို့မှုသည် ၂၀၂၅ ခုနှစ်အတွင်း ခြောက်ကြိမ်မြောက်ဖြစ်ပြီး နေရပ်ပြန်ပို့ခံရသူ ၁၁၄၉ ဦးအထိ ရှိလာပြီဖြစ်သည်။

ပြီးခဲ့သော ဇန်နဝါရီလတွင် ၁၄၉ ဦး၊ ဖေဖော်ဝါရီလတွင် ၂၀၀ ဦး၊ မတ်လတွင် ၂၅၀ ဦး၊ ဧပြီလတွင် ၂၀၈ ဦး၊ မေလတွင် ၈၁ ဦးတို့ကို ထိုင်းဘက်က မြန်မာစစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့သည်။

၂၀၂၄ ခုနှစ်အတွင်း ရနောင်းထိန်းသိမ်းရေးစခန်းမှ ကော့သောင်းသို့ ပြန်လွှဲပြောင်းပေးမှု ၁၄ ကြိမ်အထိ ရှိခဲ့ကြောင်း မြန်မာနိုင်ငံသား ၂၀၀၅ ဦးအထိ ပြန်လည်ပို့ဆောင်ခဲ့သည်။

နေရပ်ပြန်လည်ပို့ဆောင်လာသူများကို စစ်ကောင်စီ အဓမ္မစစ်မှုထမ်းစုဆောင်းမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း စစ်မှုထမ်း စုဆောင်းခံရသူများထံမှ သိရသည်။